ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး
မြတ်ဗုဒ္ဓရဲ့ ဆံတော်များကို ဌာပနာထားသည့် နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိသော ရွှေတိဂုံစေတီတော်ြမတ်ကြီးကို သွားရောက်မဖူးမျှော်ရသေးလျှင် သင်သည် ရန်ကုန်ရွှေမြို့တော်ကြီးကို ရောက်ဖူးသူတစ်ယောက်မဟုတ်ပါ။ ရွှေတိဂုံစေတီတော်ြမတ်ကြီးသည် ကန်တော်ကြီးကန်ရဲ့အနောက်ဘက်တွင် မြေဧက ၁၁၄ ဧကကျယ်◌န်းသော သိင်္ဂုတ္တရကုန်းတော်တွင် တည်ရှိပြီး မြန်မာဗုဒ္ဓဘာသာတို့၏ အမြင့်မြတ်ဆုံးနှင့် အထွတ်မြတ်ထားရာ စေတီတော်ကြီးဖြစ်ပါသည်။ စေတီတော်မြတ်ကြီးသည် ၉၉ မီတာခန့်မြင့်ပြီး စေတီတော်မြတ်ကြီးအား တန်ချိန်ပေါင်းမြောက်များစွာရှိသော ရွှေပြားများဖြင့်ကပ်လှူပူဇော်ထားပြီး စေတီတော်ကြီးရဲ့စိန်ဖူးတော်အား စိန်အလုံးပေါင်း ၄၅၃၁ လုံးဖြင့်ပူဇော်ထားကာ အကြီးမားဆုံးနှင့် တန်ဖိုးမဖြတ်နိုင်သော အလေးချိန် ၇၂ ကာရက်ရှိသော စိန်ကြီးဖြင့်ပူဇော်ထားပါသည်။ စေတီတော်မြတ်ကြီးအား ရတနာအစုံ ၈၃၈၅၀ ကျော်၊ ရွှေစည်းလည်းပေါင်း ၄၀၁၆ ကျော်တို့နှင့် တန်ဖိုးမဖြတ်နိုင်သော ရွှေ၊ငွေ၊ ကျောက်သံပတ္တမြားတို့ဖြင့် ပူဇော်ထားပါသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ရှေးဟောင်းအမွေအနှစ်သာသနိကအဆောက်အဉီးတစ်ခုဖြစ်ရုံမက ရှေးဟောင်းဗိသုကာ၊ ပန်းပုအနုပညာလက်ရာများဖြင့် အလွန်လှပတင့်တယ်ပြီး ကမ္ဘာကျော်စေတီတော်မြတ်ကြီးတစ်ဆူဖြစ်ပါသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အံ့ဖွယ် ၉ ပါး နေရာများအား ဖော်ပြပေးလိုက်ပါသည်။
၁။ပတ္တမြားမျက်ရှင် ဘုရား
၂။ဝိဇ္ဇာဇော်ဂျီ ဘုရား
၃။ရှင်စောပု ဘုရား
၄။ဆံတော်တွင်း ရုပ်ပွားတော်
၅။ရှင်အဇ္ဇာဂေါဏ ဘုရား
၆။ဘိုးဘိုးအောင် ဂူဘုရား
၇။ရှင်မထီး ဘုရား
၈။လက်ပက်လက်ဘုရား
၉။ပြဒါးရှင် ဘုရား
တို့ဖြစ်ကြသည်။
ထိုအံ့ဖွယ်၉ပါးအပြင်နေလဘုရား၊ပိတုန်း၂ကောင်ကိုတစ်ဖက်စီကိုင်ပြီး
ဆုတောင်းရသောဘုရားများလည်းရှိသေးသည်။ရွှေတိဂုံရောက်သည့်အခါစုံအောင်ဖူးနိုင်ပါစေ။
ဓမ္မ အသိတွေ တိုးပွား ကြပါစေ။